Topic(s)
Mind & Body

မူလတန်းအရွယ်ကလေးများတွင် ထိတ်လန့်ဖွယ်တိုက်ခိုက်မှု(Panic Attacks)များကို နားလည်သဘောပေါက်ခြင်း

ထိပ်လန့်တုန်လှုပ်ဖွယ် အကြောင်းအရာများသည် ကလေးများအတွက် မိမိတို့၏တွေ့ကြုံမှုများကိုနားလည်ရန်နှင့် ရှင်းပြရန် ခက်ခဲနိုင်ပါသည်။ ဒီအဖြစ်အပျက်များမှတစ်ဆင့် ကလေးများကို အသိအမှတ်ပြုပေးခြင်းနှင့် ကူညီထောက်ပံ့ပေးခြင်းတို့သည် မိဘများ၊ ဆရာများနှင့် ပြုစုစောင့်ရှောက်သူများအတွက် အလွန်အရေးကြီးပြီး လိုအပ်သည့်အရာများဖြစ်ကြပါသည်။ 

 

ထိတ်လန့်ဖွယ် တိုက်ခိုက်မှု(Panic Attacks)ဆိုတာဘာလဲ?

သိသာထင်ရှားသော အစပျိုးပေးမှုမရှိဘဲ စိုးရိမ်ပူပန်မှုများ ရုတ်တရက်ဖြစ်ပေါ်လာခြင်းကြောင့် ထိတ်လန့်ဖွယ် တိုက်ခိုက်မှု (Panic Attacks)ဖြစ်ပေါ်လာနိုင်ပါသည်။  မူလတန်းကျောင်းအရွယ် ကလေးများတွင် ဒီလိုဖြစ်ရပ်များသည် အထူးသဖြင့် စိတ်ရှုပ်ထွေးစေပြီး ထိတ်လန့်စရာဖြစ်နိုင်သည်။ ကလေးများ ထိတ်လန့်တုန်လှုပ်မှု၏ လက္ခဏာများတွင် အောက်ပါအတိုင်းဖြစ်နိုင်သည်–

  • နှလုံးခုန်မြန်ခြင်း 
  • ချွေးစေးများအလွန်ထွက်ခြင်း 
  • အသက်ရှုမြန်ခြင်း
  • လည်ပင်းတွင် တစ်ဆို့ဆို့ ဖြစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်းနဲ့ မအီမလည်ခံစားချက်များ ခံစားရခြင်း
  • ပျို့အန်ခြင်း နဲ့ ဗိုက်အောင့်ခြင်း 
  • ခေါင်းမူးခြင်း 

 

မူလတန်းကျောင်းကလေးများတွင် ထိတ်လန့်ဖွယ်တိုက်ခိုက်မှုများကို ခွဲခြားသိမြင်ခြင်းတွင် :

ကလေးများသည် ထိတ်လန့်တုန်လှုပ်မှု ခံစားနေရစဉ်တွင် မိမိတို့၏ခံစားချက်များကို ဖော်ပြရန် ခက်ခဲကြောင်း တွေ့ရှိရပေမည်။ ဒါကြောင့် လူကြီးများသည် ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကို ဖော်ထုတ်ရာတွင် သေချာသတိရှိရမည်။ ကလေးတစ်ဦး ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုကြုံတွေ့နေချိန်တွင် တွေ့ရနိုင်သည့် လက္ခဏာများတွင် အောက်ပါအတိုင်းပါဝင်သည်–

  • ရုတ်တရက်အကြောင်းမဲ့ ထိတ်လန့်တုန်လှုပ်ခြင်း 
  • ရုတ်ပိုင်းဆိုင်ရာလက္ခဏာများဖြစ်ကြတဲ့ နှလုံးခုန်မြန်ခြင်းနှင့် အသက်ရှုရန်ခက်ခဲခြင်း
  • ဂျီကျခြင်း (သို့) တခြားကလေးများနှင့် သီးသန့်နေလာခြင်း
  • ငိုခြင်းနဲ့ အော်ဟစ်ခြင်း 

 

ကလေးများတွင် ထိတ်လန့်တုန်လှုပ်တိုက်ခိုက်မှုများအတွက် သာမန်အစဖြစ်စေသော အကြောင်းအရာများ:

ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုများ အလိုအလျောက်ပေါ်ပေါက်လာနိုင်သော်လည်း အစဖြစ်စေတတ်သော အကြောင်းအရာများမှာ- 

  1. စိတ်ဖိစီးမှုများစေသော အကြောင်းအရာများ : ကျောင်းအသစ်စတင်ခြင်း၊ နေရာသစ်သို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် မိသားစုအပြောင်းအလဲများ ကြုံတွေ့ခြင်းစသည့် အကူးအပြောင်းများ။
  2. ခွဲခွာခြင်းကြောင့်ရလာသော စိတ်ပူပန်မှုများ : အခြေခံပြုစုစောင့်ရှောက်သူများနှင့် သီးခြားဖြစ်နေခြင်းနှင့်ဆက်နွှယ်သည့် စိတ်ဆင်းရဲပူပန်မှုများ။
  3. ဖိအား : ကျောင်းကိစ္စနဲ့ပတ်သက်သော အကြောင်းအရာများ၊ လူမှုရေး အပြန်အလှန် ဆက်သွယ်မှုများ သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ဆက်နွှယ်နေသော စိုးရိမ်ပူပန်မှုများ။
  4. စိတ်ဒဏ်ရာ : စိတ်ဒဏ်ရာရစေသော အဖြစ်အပျက် မြင်ကွင်းများကို မျက်မြင်တွေ့ခဲ့ရခြင်း (သို့) ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်း။ 
  5. ထိတ်လန့်တုန်လှုပ်မှုခံစားနေရချိန်တွင် ကလေးများကိုအကူအညီပေးခြင်း။ 

 

ထိတ်လန့်တုန်လှုပ်နေသော ကလေးတစ်ဦးကို ကူညီပေးရန် အောက်ပါနည်းလမ်းများကို သုံးသပ်ကြည့်ပါ–

1. စိတ်အေးအေးထားပါ : ** ကလေးတွေက ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို လူကြီးတွေရဲ့အပြုအမူကို ကြည့်ပြီးအတုယူတတ်ကြပါတယ်။ တည်ငြိမ်သော အမူအရာများက ကလေးများအတွက် သူတို့သည် လုံခြုံတယ်ဆိုတဲ့ခံစားချက်ကို ခံစားရစေပါတယ်။ 

2. သေချာမှုကို အတည်ပြုခြင်း : ** သူတို့သည် အန္တရာယ် မရှိဘူးဆိုတာကို သေချာပြောပြဖို့လိုပါတယ်။ "စိတ်ချရတယ်" ဒါမှမဟုတ် "သူတို့နဲ့အတူရှိတယ်" ဆိုတဲ့ ရိုးရှင်းတဲ့၊ စိတ်သက်သာရာရစေတဲ့ ဖော်ပြချက်တွေက နှစ်သိမ့်မှုဖြစ်စေနိုင်ပါတယ်။

3. အသက်ကို ဖြည်းဖြည်းရှုရန် တိုက်တွန်းခြင်း : ** ကလေးကို အသက်ကို ဝဝနဲ့ ဖြည်းဖြည်းရှူရန် သင်ပေးပါ။ ဥပမာ၊ တစ်ကနေ လေးအထိရေတွက်ပြီး နှာခေါင်းမှတစ်ဆင့် လေကို ရှူရှိုက်စေပြီး တစ်ကနေလေးအထိရေတွက်ပြီး ပါးစပ်မှလေထုတ်ရန်  ညွှန်ကြားပါ။

4. စိတ်ငြိမ်စေသော နည်းများကို အသုံးပြုပေးပါ : ** ကလေးများကို present အချိန်မှာရှိစေပြီး သူတို့ မြင်နိုင်၊ကြားနိုင်တဲ့ အရာတွေကို ခွဲခြား သိမြင်စေရန် ကြိုးစားပေးပါ။ 

 

ဖြစ်လာနိုင်ချေရှိတဲ့  ထိတ်လန့်တုန်လှုပ်ချောက်ချားမှုများကို တားဆီးခြင်း:

ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုများကို တားဆီးရန် မဖြစ်နိုင်သော်လည်း၊ တချို့နည်းဗျူဟာတွေက သူတို့ရဲ့ ဖြစ်ပေါ်လာနိုင်မှုအကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုကို လျော့နည်းစေနိုင်ပါတယ်။

  • နေ့စဥ် လုပ်ငန်းဆောင်တာများကို ပုံမှန်လုပ်ဆောင်ပါ : **နေ့စဉ်လုပ်ရိုးလုပ်စဉ်အရာများသည် တည်ငြိမ်မှုရှိစေနိုင်ပြီး စိုးရိမ်ပူပန်မှုကို လျော့နည်းစေနိုင်သည်။
  • ကျန်းမာသော အလေ့အကျင့်များကို မွေးမြူပါ : ** ကလေးများ သည် မျှတ သော အစားအစာ ကို သေချာစားစေရန် လေ့ကျင့်ပေးပါ။ 
  • စိတ်ငြိမ်စေသည့် နည်းလမ်းများကို သင်ကြားပေးပါ: ** ကလေးများ၏နေ့စဥ် လုပ်ငန်းဆောင်တာများတွင် အသက်ပြင်းပြင်းရှူခြင်းနှင့် အပန်းဖြေခြင်းလေ့ကျင့်ခန်းများကို ပုံမှန်လေ့ကျင့်ခန်းများ ထည့်သွင်းပါ။
  • ပွင့်လင်းသော ဆက်ဆံရေးကို အားပေးပါ: ** ကလေးသည် မိမိတို့၏ခံစားချက်များနှင့် ကြောက်ရွံ့မှုများကို သက်တောင့်သက်သာဆွေးနွေးရန် အဆင်ပြေသည့် ပတ်ဝန်းကျင်တစ်ခုကို မြှင့်တင်ပေးပါ။ ကြောက်လန့်ခြင်းခံစားချက်က သာမန်ဖြစ်ပြီး ကူညီထောက်ပံ့မှုရှိတယ်ဆိုတာ သူတို့ကို ယုံကြည်စိတ်ချရအောင် ပြောပြပေးပါ။ 
  • ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို ရှာယူပါ: ** ထိတ်လန့်တုန်လှုပ်မှုများ မကြာခဏ သို့မဟုတ် ကလေး၏နေ့စဉ်ဘဝကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေပါက ကလေးအထူးကုဆရာဝန်၊ စိတ်ပညာရှင် သို့မဟုတ် ထောက်ပံ့မှုနှင့် လမ်းညွှန်မှုအတွက် နှစ်သိမ့်ဆွေးနွေးသူတစ်ဦးနှင့် တိုင်ပင်ပါ။

 

ကလေး ငယ် များ အတွက် ထိတ်လန့် ဖွယ် တိုက်ခိုက် မှု များ သည် အလွန် ကြီးမား နိုင် သော်လည်း သင့်လျော် သော နားလည်မှု ၊ ထောက်ပံ့ မှု နှင့် ကြားဝင် ဆောင်ရွက် မှု တို့ ဖြင့် ၊ သူ တို့ ၏ အကျိုး သက်ရောက် မှု ကို ထိရောက် စွာ စီမံ ခန့်ခွဲ နိုင် ပါ သည် ။ ကလေးများရဲ့ ခံစားချက်များကို အသိအမှတ်ပြုခြင်း၊ ချက်ချင်းအကူအညီပေးခြင်းနှင့် ကာကွယ်ရေး ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခြင်းတို့ဖြင့် ကလေးများအား ဒီလိုခက်ခဲသော အတွေ့အကြုံများကို ဖြတ်သန်းသွားလာနိုင်ရန်နှင့် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါသည်။

 

 

References

American Academy of Pediatrics. (2022). *Pediatric Anxiety Disorders: Diagnosis and Management*. Retrieved from [https://pediatrics.aappublications.org](https://pediatrics.aappublications.org)

National Institute of Mental Health. (2023). *Panic Disorder in Children and Adolescents*. Retrieved from [https://www.nimh.nih.gov](https://www.nimh.nih.gov)

Mayo Clinic. (2024). *Panic Attack Symptoms and Causes*. Retrieved from [https://www.mayoclinic.org](https://www.mayoclinic.org)

Child Mind Institute. (2023). *Helping Kids with Anxiety: Strategies and Techniques*. Retrieved from [https://childmind.org](https://childmind.org)